ခိုက်ရန်ငြင်းခုံမှု ပြုကြသည့် ကောသဗ္ဗီ ရဟန်းတို့ကို အကြောင်းပြု၍ မေးလျှောက်တော်မူသော တရားစစ်မှူးကြီးဖြစ်သူ ရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီးအား ဟောကြားတော်မူသော
အဓမ္မဝတ္ထု တစ်ဆယ့်ရှစ်ပါး
"ချစ်သား သာရိပုတ္တရာ တစ်ဆယ့်ရှစ်ပါးသော အကြောင်းတို့ဖြင့် အဓမ္မဝါဒီပုဂ္ဂိုလ်ကို သိရမည်။ ချစ်သား သာရိပုတ္တရာ သာသနာတော်၌ ရဟန်းသည်
(၁) တရားမဟုတ်သည်ကို တရားဟု ပြ၏။
(၂) တရားကို တရားမဟုတ်ဟု ပြ၏။
(၃) ဝိနည်း မဟုတ်သည်ကို ဝိနည်းဟု ပြ၏။
(၄) ဝိနည်းကို ဝိနည်းမဟုတ်ဟု ပြ၏။
(၅) မြတ်စွာဘုရား မဟောအပ်၊ မပြောအပ်သည်ကို မြတ်စွာဘုရား ဟောအပ် ပြောအပ်သည်ဟု ပြ၏။
(၆) မြတ်စွာဘုရား ဟောအပ် ပြောအပ်သည်ကို မြတ်စွာဘုရား မဟောအပ် မပြောအပ်ဟု ပြ၏။
(၇) မြတ်စွာဘုရား မလေ့ကျက်အပ်သည်ကို မြတ်စွာဘုရား လေ့ကျက်အပ်၏ဟု ပြ၏။
(၈) မြတ်စွာဘုရား လေ့ကျက်အပ်သည်ကို မြတ်စွာဘုရား မလေ့ကျက်အပ်ဟု ပြ၏။
(၉) မြတ်စွာဘုရား မပညတ်အပ်သည်ကို မြတ်စွာဘုရား ပညတ်အပ်၏ဟု ပြ၏။
(၁၀) မြတ်စွာဘုရား ပညတ်အပ်သည်ကို မြတ်စွာဘုရား မပညတ်အပ်ဟု ပြ၏။
(၁၁) အာပတ် မသင့်သည်ကို အာပတ် သင့်၏ဟု ပြ၏။
(၁၂) အာပတ် သင့်သည်ကို အာပတ် မသင့်ဟု ပြ၏။
(၁၃) ပေါ့သော အာပတ်ကို လေးသော အာပတ်ဟု ပြ၏။
(၁၄) လေးသော အာပတ်ကို ပေါ့သော အာပတ်ဟု ပြ၏။
(၁၅) အကြွင်းရှိသော အာပတ်ကို အကြွင်းမရှိသော အာပတ်ဟု ပြ၏။
(၁၆) အကြွင်းမရှိသော အာပတ်ကို အကြွင်းရှိသော အာပတ်ဟု ပြ၏။
(၁၇) ရုန့်ရင်းကြမ်းတမ်းသော အာပတ်ကို မရုန့်ရင်း မကြမ်းတမ်းသော အာပတ်ဟု ပြ၏။
(၁၈) မရုန့်ရင်း မကြမ်းတမ်းသော အာပတ်ကို ရုန့်ရင်း ကြမ်းတမ်းသော အာပတ်ဟု ပြ၏။
ချစ်သား သာရိပုတ္တရာ ဤတစ်ဆယ့်ရှစ်ပါးသော အကြောင်း (ဝတ္ထု) တို့ဖြင့် အဓမ္မဝါဒီ ပုဂ္ဂိုလ်ကို သိရမည်။
ဟု ဟောကြားတော်မူခဲ့ပါသည်။

No comments:
Post a Comment