🌲"ပါဏိ ပါတ"(သရဏဂုံ)🌲
ဗုဒ္ဓါ ဒီနံဝ ဝန္ဒာဟံ ၊ ကရောမိ ဣတိ သာမိစိံ၊ ဓါရေထ ယာဝ ဇီဝံ မံ ၊ ပါဏိ ပါတံ ဂတံ ဣဒံ ။
🌼အနက်
သော အဟံ_ ဘုရား တပည့်တော်သည်၊ ယာဝ ဇီဝံ_ အသက် ထက်ဆုံး၊ ဗုဒ္ဓါ ဒီနံဝ ဝတ္ထုနံ_ ဘုရား တရား သံဃာ သုံးဖြာသော ရတနာတို့ အားသာလျှင်၊ ဝန္ဒာဟံ_ လက်အုပ် ချီမိုး နှိပ်ချ ရှိခိုးခြင်းကို လည်းကောင်း၊ သာမိစိံ_ ရိုသေ တုတ်ကျိုး ခြင်းကို လည်းကောင်း၊ ကရောမိ_ ပြုပါ၏။
ဣတိ_ ဤသို့၊ မံ_ ဘုရား တပည့်တော်အား၊ ဓါရေထ_ မှတ်တော် မူပါ အရှင် ဘုရား၊ ဣဒံ_ ဤသို့ ကိုးကွယ် ဆည်းကပ်ခြင်းသည်၊ ပါဏိ ပါတံ ဂတံ_ ရတနာ သုံးပါး တို့အား လက်အုပ် ချီမိုး နှိပ်ချ ရှိခိုး ရိုသေ တုပ်ကျိုး ကိုးကွယ် ဆည်းကပ်ခြင်း ပြုပါ၏။
🌲"သိဿ ဘာဝူပ ဂမန"(သရဏဂုံ)🌲
ဗုဒ္ဓါ ဒီနံဝ ဝတ္ထုနံ ၊ အန္တေ ဝါသီဟိ သော အဟံ ၊ ဓါရေထ ယာဝ ဇီဝံ မံ ၊ သိဿဿဿ ဘာဝံ ဂတံ ဣဒံ ။
🌼အနက်
သော အဟံ_ ဘုရား တပည့်တော်သည်၊ ယာဝ ဇီဝံ_ အသက် ထက်ဆုံး၊ ဗုဒ္ဓါ ဒီနံဝ ဝတ္ထုနံ_ ဘုရား တရား သံဃာ သုံးဖြာသော ရတနာတို့ အားသာလျှင်၊ အန္တေ ဝါသီ_ အတွင်းနေ အနီးနေ တပည့် ဖြစ်သူ ပါတည်း။
ဣတိ_ ဤသို့၊ မံ_ ဘုရား တပည့်တော်အား၊ ဓါရေထ_ မှတ်တော် မူပါ အရှင် ဘုရား၊ ဣဒံ_ ဤသို့ ကိုးကွယ် ဆည်းကပ်ခြင်းသည်၊ သိဿ ဘာဝံ ဂတံ_ ရတနာ သုံးပါး တို့၏ တပည့်သား အဖြစ် အားထား ကိုးကွယ် ဆည်းကပ်ခြင်း ပြုပါ၏။
ကျမ်းကိုး_ သရဏာဒိ ပကာသနီ ကျမ်း

No comments:
Post a Comment