သဒ္ဒါဓိက နှင့် ပညာဓိက ဗုဒ္ဓဘာသာဟာ တရားတော်ကို ယုံကြည်တယ်...
တရားတော်ကို ဘယ်လို ယုံကြည်တာလည်းဆိုတော့
သူများပြောလို့ စာပေတွေထဲပါလို့ ရမ်းယုံကြည်တာ မဟုတ်ဘဲ ခန္ဓာအသိနဲ့ အသေအချာသိပြီး ယုံတယ်...
ထိုသို့ သိတာကို ပညာ လို့ခေါ်ပါတယ်...
သစ္စာလေးပါးကို အသေအချာ ပညာနဲ့
သိတဲ့ ဗုဒ္ဓဘာသာ
ဖြစ်ပျက်မှုတွေကို သိတဲ့ ဗုဒ္ဓဘာသာ
ဖြစ်ပျက် မြင်တာ ခန္ဓာက မြင်တာလား?
ပညာက မြင်တာလားဆိုတော့
ပညာက မြင်တာပါ...
မြတ်ဘုရားက ခန္ဓာထဲမှာ ဖြစ်တာနဲ့ ပျက်တာပဲ ရှိတယ်လို့ ဟောခဲ့ပါတယ်...
ဒါကို ကိုယ်တိုင် သစ္စာတရားကို သေချာသိပြီး ကျင့်ကြံလိုက်တော့ မြင်တယ် ...
ကိုယ်တိုင်မြင်တော့ ယုံကြည်လာတယ်...
ယုံကြည်တော့ သဒ္ဒါ
ဖြစ်ပျက် မြင်တာက ပညာ
ထိုကြောင့် သဒ္ဓါ နဲ့ ပညာဟာ တွဲနေတယ်...
သဒ္ဓါတရား မှန်မှန်ကန်ကန်ဖြင့်သာ
ကြိုးစားမယ်ဆိုရင် အပ္ပါယ်လေးပါးမှ
လွတ်မြောက်နိုင်ပါတယ် ...
လူတွေမှာ အပ္ပါယ်မျိုးစေ့တွေ၊
အပါယ်ကျကြောင်း ကံတွေ လုပ်ထားတာရှိကြပါတယ် ...
ဒါတွေကို ဘယ်သူမှ ဝင်တားပေးလို့ မရပါဘူး...
သူ့ကို တားချင်ရင်၊ သူ့ကို အကျိုးမပေးစေချင်ရင် ဘာနဲ့ ဖြတ်ရမလဲဆိုတော့ ဉာဏ်နဲ့ ဖြတ်ရတယ်။
ဉာဏ်နဲ့ ဖြတ်လိုက်လို့ ဖြစ်ပျက် မဂ်ဆိုက်နေတဲ့ ပုဂ္ဂိုလ် မှာ သဒ္ဓာလဲ ပါတယ်... ပညာလည်း ပါတယ် ...
ဒါသည် ပညာဓိက နဲ့ သဒ္ဓာဓိက ဗုဒ္ဓဘာသာ ဆိုတဲ့ အထက်တန်းစား ဗုဒ္ဓဘာသာပဲ....
မိုးကုတ်မြို့၊ ကုန်းမြင့်သာရပ်၊ ဓမ္မရံသီရိပ်သာ၊ ပဓာနနာယက ကမ္မဠာနစရိယ
နယ်လှည့်ဓမ္မ ကထိကဆရာတော် ဘဒ္ဒန္နသုနန္ဒ ဟောကြားတော်မူသော ဗုဒ္ဓဘာသာ(၅)မျိုး နှင့် သစ္စာလေး ပါး တရားတော် စာအုပ်မှ ကောက်နှုတ်ချက်
No comments:
Post a Comment