တရားနဲ့ မနေတတ်ရင် မငြိမ်းချမ်းဘူး။
တရားနဲ့ နေတတ်ဖို့ အားထုတ်တဲ့နည်းတွေက မခက်ပါဘူး။
ဘယ်နည်းနဲ့ပဲ အားထုတ် အားထုတ် ပရမတ်တည့်ဖို့နဲ့ ပစ္စုပ္ပန်တည့်ဖို့ပဲ လိုပါတယ်။
ဘာအတွေး အတောမှ မပါဘဲနဲ့ ပစ္စုပ္ပန်တည့်အောင် ရှု့မှတ်နိုင်ရင် ဘယ်လိုနည်းနဲ့ပဲ ရှု့မှတ် ရှု့မှတ် ဝိပဿနာဉာဏ် မဂ်ဉာဏ် ဖိုလ်ဉာဏ် ရနိုင်တာချည်းပါပဲ။
အားထုတ်နည်းတွေနဲ့ ပတ်သက်ပြီး အငြင်းပွားတာသံသယဖြစ်တာမျိုး မဖြစ်သင့်ပါဘူး။
ကိုယ့်အတွက် အဆင်ပြေမယ့်နည်းနဲ့ ပရမတ်တည့်အောင် ဇွဲကောင်းကောင်းနဲ့ ရေရှည်အားထုတ်ဖို့ပဲ လိုပါတယ်။
ကိုယ့်မိတ်ဆွေ အပေါင်းအသင်းတွေ ဆွေမျိုးတွေလဲကို တရားလက်ဆောင်ပေးပါ။
ကိုယ့်သားသမီးတွေကို တရားအမွေပေးပါ။
သတိပဋ္ဌာန်းတရားကို ကျင့်သုံးနိုင်မှ ငြိမ်းချမ်းမှု အစစ်အမှန်ကို ရနိုင်ပါတယ်။
သတိပဋ္ဌာန်းတရားကို ပြည့်ပြည့်စုံစုံ အားထုတ်နိုင်ပြီးတော့ စစ်မှန်တဲ့ ငြိမ်းချမ်းမှု စစ်မှန်တဲ့ လွတ်လပ်မှုရှိတဲ့ အပျော်ဆုံးလူတွေ ဖြစ်နိုင်ပါစေ။
#ဆရာတော်ဦးဇောတိက(မဟာမြိုင်တောရ)

No comments:
Post a Comment