Tuesday, July 2, 2019

ဝေလာမသုတ္တန်

ဘုရားအမှူးရှိသော
သံဃာကို ပြုစုလုပ်ကျွေး လှူဒါန်းရခြင်းထက်
အရပ်လေးမျက်နှာ၌ ရှိသော သံဃာကို ရည်ညွှန်း၍ ကျောင်း ဆောက်လှူရခြင်းသည် သာ၍ အကျိုးကြီး၏။

အရပ်လေးမျက်နှာ၌ ရှိသော သံဃာကို ရည်ညွှန်း၍ ကျောင်းဆောက်လုပ် လှူဒါန်းရခြင်းထက် သဒ္ဓာ ကြည်ညိုစိတ်ရှိသဖြင့်
ဘုရား တရား သံဃာကို ကိုးကွယ်ရာဟု၍ ဆည်းကပ်ခြင်းသည် သာ၍ အကျိုးကြီး၏။

ကြည်ညိုစိတ်ရှိသဖြင့် ဘုရား တရား သံဃာကို ကိုးကွယ်ရာဟု ဆည်းကပ်ခြင်းထက် ကြည်ညိုစိတ်ရှိသဖြင့်
-သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်မှု
-မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်မှု
-ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်ခြင်းမှ ရှောင်ကြဉ်မှု
-မဟုတ်မမှန်ပြောဆိုခြင်းမှ ရှောင်ကြဉ်မှု
-ယစ်မူး မေ့လျော့ခြင်း၏ အကြောင်းဖြစ်သော သေရည်အရက် သောက်ခြင်းမှ ရှောင်ကြဉ်မှုဟူသော သိက္ခာပုဒ်တို့ကို ဆောက်တည်ခြင်းသည် သာ၍ အကျိုးကြီး၏။

ကြည်ညိုစိတ်ရှိသည်ဖြစ်၍ ငါးပါးသော သီလတော် သိက္ခာပုဒ်တို့ကို ဆောက်တည်ခြင်းထက် နံ့သာတစ်ရှူခန့်မျှ မေတ္တာစိတ်ကို ပွားများခြင်းသည် သာ၍ အကျိုးကြီး၏။

မေတ္တာပွားများခြင်းထက် လက်ဖျစ်တတွက်ခန့်မျှ အနိစ္စသညာကို ပွားများခြင်းသည် သာ၍ အကျိုးကြီး၏။

{ ဝေလာမသုတ္တန် }

No comments:

Post a Comment